Tuesday, September 1, 2015

ယခု​တ​လော ကြုံ​တွေ့​နေရတဲ့ ဖုန်း virus

ယခုတ​လော ဆိုင်​ကို ပြသနာ​တွေနဲ့ လာကြပါတယ်​။ဘာပြသနာလဲဆို​တော့ အင်​တာနက်​​တွေ auto ပွင့်​တယ်​ download ​တွေauto ဆွဲတယ်​ lock screen,wallpaper,launcher ​တွေ ကိုယ်​ မ​ပြောင်းဘဲနဲ့ သူဘာသာ auto ​ပြောင်းတယ်​ ဖုန်းက တအား hung တယ်​ စသည့်​ဖြင့်​ အမျိုး အ​ထွေ​ထွေ ​တွေ့ရပါတယ်​။အလာများတာက​တော့ huawei,samsung,oppo ​တွေပါ။ဒီလို​တွေ မဖြစ်​ရ​အောင်​ ကိုယ်​ဖုန်း ကို တစ်​ခု ခု ပြင်​ဆင်​မူ​လေး​တွေလုပ်​ထားဖို့ လိုပါတယ်​။အဲ့ဒီ လို​တွေဖြစ်​တာက​တော့ virus၊mailware၊adware တို့​ကြောင့်​ဖြစ်​ရပါတယ်​။အဲ့ဒါ​တွေဖုန်းထဲဝင်​ပါပြီဆိုရင်​​တော့ သာမန်​ user level နဲ့ ရှင်းဖို့ မလွယ်​ပါ။တစ်​ခုခု ပုံမမှန်​တာ ဖြစ်​လာရင်​ ​တော့ ဖုန်းရဲ့ appliction manager ထဲကို ၀င်​ပြီး ​ဖော်​ပြပါ application ​တွေရှိမရှိဝင်​စစ်​ ​ပေးပါ။ရှိ​နေရင်​​တော့ ​သေချာပါပြီ။
စောင့်​ကြည့်​ app များက​တော့

Backup Tool
com.andriod.providers.network
Kapk
Monkey Test
Settings(not system)
Sync
TimeService
တို့ဖြစ်​ပါတယ်​။ဒီ app ​တွေ ဖုန်းမှာ ​တွေ​နေပြီဆိုရင်​​တော့ တစ်​ချိန်​ချိန်​မှာ ဒုက္ခ​ပေးပါ​တော့မယ်​။အဲ့လို့ဖြစ်​လာရင်​​တော့ ​ဖော်​ပြပါ app ​တွေကို ဖျက်​ပစ်​ပါ။ဖျတ်​လို့မရရင်​ disable လုပ်​ပါ။ဒါမှ မရရင်​​တော့ ဖုန်း frimware ပြန်​​ရေးမှကို ရပါ​တော့မယ်​။

ဒီလို ​တွေမဖြစ်​ခင်​မှာ ဖုန်းကိုကာကွယ်​မူ​လေး​တွေလုပ်​ထားဖို့ လိုပါတယ်​။အဓိကက​တော့ အင်​တာနက်​သုံးတဲ့ အခါ ​ကြော်​ငြာ​တွေဝင်​​လေရှိပါတယ်​။အဲ့ထဲ က ​ကြော်​ငြာတစ်​ခုခု install လုပ်​မိသွားတာဖြစ်​ဖြစ်​ သုံး​နေကြapp ထဲ adware ၀င်​တာဖြစ်​ဖြစ်​ဆိုရင်​ ​တော့ ဒီပြသနာ စပါပြီ။

ကာကွယ်​မူက​တော့ အင်​တာနက်​သုံးရင်​ ​ကြော်​ငြာထိုးတာ​တွေကို install မလုပ်​မိပါ​စေနဲ့(ဥပမာ browser ကိုဝင်​သုံးရင်​ သင့်​ဖုန်း virus ကိုက်​​နေပြီ ဒီ appliction ကို အမြန်​install လုပ်​ပါတို့ ဒီ appliction ကိုသုံးရင်​ သင့်​ ဖုန်း အဆ တစ်​ရာ မြန်​ဆန်​သွားမယ်​ဆိုတာ တို့ ...)
ဒီလို အရာ​တွေ့ က fake ​တွေပါ။အဲ့လို အရာ​တွေကို install မလုပ်​မိပါ​စေနဲ့

Antivirus သုံးပါ

အရင်​တုန်းက ကျွန်​​တော်​ ဖုန်း antivirus ကို လုံးဝမသုံးပါဘူး။ခု​တော့ လိုအပ်​လာပါပြီ သုံးကို သုံးရပါ့မယ်​။
Antivirus ​တော်​​တော်​များများ က​တော့ play store မှာ free ​ပေးထားပါတယ်​။နာမည်​ ရှိတဲ့ antivirus app ​တွေက​တော့
AVG,Kaspersky,Avset,Trust go,Dr.Web စသည့်​ တို့ဖြစ်​ပါတယ်​။

မိမိဖုန်း virus မ၀င်​​အောင်​လို့ ကျွန်​​တော်​​ပြောတာ​လေး​တွေသတိထား​ပေး​ပေါ့​ဗျာ။

1 comment:

  1. အခုကျ​နော့်​ဖုန်းမှာ monkey test ​ဆော့ဝဲနှစ်​ခု​ရောက်​​နေတယ်​ဗျာ
    ဖုန်းကအရမ်း​လေး​နေတယ်​ firmware မတင်​ပဲလုပ်​လို့ရတဲ့နည်းရှိရင်​သင်​​ပေးပါ

    ReplyDelete